သီတဂူကျောင်းသားဖိုရမ်သည် ရပ်ဝေးမြေခြား သီတဂူကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)



 
HomeHome  GalleryGallery  FAQFAQ  PublicationsPublications  CalendarCalendar  SearchSearch  MemberlistMemberlist  UsergroupsUsergroups  RegisterRegister  Log inLog in  

Share | 
 

 ထိုင်းဘုရင်မိသားစုကထိန် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်

Go down 
AuthorMessage
admin



Posts : 58
Join date : 2010-09-29
Age : 34
Location : Myanmar

PostSubject: ထိုင်းဘုရင်မိသားစုကထိန် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်   Tue Nov 16, 2010 2:51 pm

၂၀၁၀-ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်၊ တနင်္လာနေ့ နံနက်(၀၉း၂၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ထိုင်းဘုရင်မိသားစုမှ လှူဒါန်းသည့် မဟာကထိန်တော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr.Saroj Savanaviraj၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမှတ်ကြီး Mr.Apirath Vienravi နှင့် ထိုင်းနိုင်ငံအကြီးအကဲများ၊တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်အာဒိစ္စာဘိဝံသမှ ကထိန်အနုမောဓနာတရားများချီးမြှင့်ပေးတော်မူခဲ့ပါသည်။ ထိုနောက်ထိုင်းဘုရင်မိသားစုကိုယ်စား ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr.Saroj Savanavirajက မြင်သာမြို့ဦးကျောင်းပဓာနနာယကဆရာတော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး သူရဦးအောင်ကိုမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
PRNEWS


Last edited by Johnsaimoon on Tue Nov 16, 2010 2:56 pm; edited 1 time in total (Reason for editing : ROYAL KATHINA)
Back to top Go down
 
ထိုင်းဘုရင်မိသားစုကထိန် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
 :: Ph.D(Thesis) :: M.A :: B.A :: 2nd semester-
Jump to: