ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Would you like to react to this message? Create an account in a few clicks or log in to continue.
ESSENCE OF DHAMMA

Essence of Dhamma
 
HomeမာတိကာGalleryPublicationsLatest imagesSearchRegisterLog in

 

 ထူးဆန်းဖွယ်လေးဖတ်ရအောင်

Go down 
AuthorMessage
admin




Posts : 58
Join date : 2010-09-29
Age : 39
Location : Myanmar

ထူးဆန်းဖွယ်လေးဖတ်ရအောင် Empty
PostSubject: ထူးဆန်းဖွယ်လေးဖတ်ရအောင်   ထူးဆန်းဖွယ်လေးဖတ်ရအောင် EmptySun 6 Mar 2011 - 14:14

ဗြိတိန် နိုင်ငံ၊ နော့်သ်အမ့်ပ်တန်ရှိုင်းယား၊ ဒါဗင်ထရီမှ တပ်မတော် အငြိမ်းစား တစ်ဦး ဖြစ်သူ အသက် ၇၆နှစ် အရွယ် မျက်မမြင့် အမျိုးသားကြီး တစ်ဦးသည် ကွယ်လွန်သူ ဇနီး၏ ဓာတ်ပုံနှင့် စကားပြော အပြီးတွင် မျက်စိကွယ် နေရာမှ ထူးဆန်းစွာ ပြန်လည်ပြီး မျက်စိ အလင်းဓာတ် ပြန်လည် ရရှိသွား ခဲ့သည်ဟု သိရသည်။ ယင်းပုဂ္ဂိုလ်၊ ဂျော့ဟတ်စ် ပက်ခ်ျသည် အသက်ကြီး သူတို့ ဖြစ်လေ့ ရှိသော မြင်လွှာ ချို့ယွင်းမှု ရှိလာသည့် ရောဂါ (macular degeneration) ဖြင့် လွန်ခဲ့သည့် ဆယ်နှစ် ကတည်းက အမြင် ချို့ယွင်း လာသည် မှစပြီး မျက်မမြင် အဖြစ် မှတ်ပုံတင် ခဲ့ကာ လွန်ခဲ့သည့် တစ်နှစ် ခန့်တွင် လုံးဝ မျက်စိ ကွယ်သွား ခဲ့ပြီး တစ်သက်လုံး မျက်မမြင် ဘ၀ဖြင့် နေသွား ရတော့ မည်ဟု ယုံကြည် ဆုံးဖြတ် ထားခဲ့သည်။ ဆရာဝန် များကလည်း မျက်စိ ပြန်မြင် တော့မည် မဟုတ်ဟု ဆိုကြသည်။ သူ၏ ဖခင်နှင့် အစ်မ တို့မှာယင်း အနေ အထား ဖြင့်ပင် မျက်စိ ကွယ်သွား ခဲ့ကြသည်။ တပ်ထဲတွင် တပ်ခွဲ တပ်ကြပ်ကြီး အဖြစ် တာဝန်ထမ်း ခဲ့သူ ဟတ်စ်ပက်ခ်ျသည် လွန်ခဲ့သော အပတ်က ထုံးစံ အတိုင်း ရုပ်မြင်သံကြား ဖွင့်ကာ အသံကို နားထောင် ပြီးနောက် ဇာတ်လမ်းကို သရုပ်ဖော် ကြည့်နေရင်း သူ၏ လက်ဝဲဖက် စားပွဲ ပေါ်တွင် တင်ထားသည့် ၂၀၀၉ခု ဖေဖေါ်ဝါရီ လက ကွယ်လွန် သွားခဲ့သော ဇနီး ဖြစ်သူ ရှီလာ၏ ဓါတ်ပုံကို ညစဉ် ကောက်ယူ စကား ပြောနေကျ အတိုင်း စကား ပြောဆို ခဲ့သည်။ ထိုနောက် ရုပ်မြင်သံကြား ပြန်ကြည့် ရာတွင် အသံကို ကြားရုံ သာမက ရုပ်ကိုပါ မြင်ရသည့် အဖြစ်ကို တွေ့ရသည်။ ရုတ်တရက် ကြုံရသော ဘ၀ အပြောင်း အလဲကြောင့် သူရူးသွား သည်လားဟု သူကိုယ်သူ ပထမ ထင်ခဲ့ သည်ဟု ဆိုသည်။ ယခုအခါ သူသည် တစ်ခါမှ မမြင်ဖူး သေးသော ငါးလ အရွယ် မြေးမလေး ကယ်လီ ကိုလည်း မြင်ခဲ့ရပြီ ဖြစ်သည်။ သူသည် အလွန် အမင်း ပျော်ရွှင် လျက်ရှိပြီး သူ့မျက်လုံး ပြန်ကွယ်ကောင်း ကွယ်သွား နိုင်သည် ဟူသော သံသယဖြင့် ညလုံးပေါက် မနက် ငါးနာရီ တိုင်အောင် ရုပ်မြင် သံကြား ရှေ့က မခွာပဲ ရှိနေသည်။ သူက ဧ၀ရက် တောင်ထိပ်မှာ ထိုင်ပြီး တစ်ကမ္ဘာလုံး ကြားအောင် `ကျုပ် မြင်ပြီဗျို့´ဟု အော်လိုက် ချင်သည်ဟု ဆိုသည်။ မြင်လွှာ ရောဂါ ဆိုင်ရာ အသင်းမှ ပြောရေး ဆိုခွင့် ရှိသူက ယခု ကိစ္စမှာ လုံးဝ မဖြစ်နိုင်ပဲ သူ့အား ရောဂါ သတ်မှတ် ခဲ့ရာတွင် မှားယွင်းမှု ဖြစ်ခဲ့ နိုင်ကြောင်း ပြောကြားသည်။ မစ္စတာ ဟတ်စ်ပက်ခ်ျ ကမူ သူ့မျက်လုံး ပြန်ကွယ် သွားမည် စိုးသဖြင့် မျက်စိ ဆေးရုံသို့ ပြန်မသွား ဟုဆိုသည်။ ယခု အခါ သူသည် ကိုယ်တိုင် လျှော်ဖွတ် ချက်ပြုတ် မီးပူ တိုက်ဖြင့် ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်း လျက်ရှိသည်။

Source: www.dailymail.co.uk
dailmail
Back to top Go down
 
ထူးဆန်းဖွယ်လေးဖတ်ရအောင်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
ESSENCE OF DHAMMA :: DIPLOMA :: Diploma(1st semester)-
Jump to: