သီတဂူကျောင်းသားဖိုရမ်သည် ရပ်ဝေးမြေခြား သီတဂူကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)



 
HomeHome  GalleryGallery  FAQFAQ  PublicationsPublications  CalendarCalendar  SearchSearch  MemberlistMemberlist  UsergroupsUsergroups  RegisterRegister  Log inLog in  

Share | 
 

 အသောကမင်းကြီးးမတိုင်မီ အိန္ဒိယသာသနာ ထိန်းသိမ်းစောင့်ရှောက်မှု အခြေ အနေ

Go down 
AuthorMessage
admin



Posts : 58
Join date : 2010-09-29
Age : 34
Location : Myanmar

PostSubject: အသောကမင်းကြီးးမတိုင်မီ အိန္ဒိယသာသနာ ထိန်းသိမ်းစောင့်ရှောက်မှု အခြေ အနေ   Fri Sep 12, 2014 5:15 am


ဗုဒ္ဓသာသန ၂၅၀၀-ကျော်တိုင်အောင် ရှည်လျားစွာ ဖြတ်သန်းလာခဲ့သော ကာလ တစ်လျောက်တွင် သာသနာ့ဝန်ဆောင် ရဟန်းတော်များအတွက် အခက်ခဲဆုံးသော အချိန် ကာလကို ဖေါ်ပြရမည်ဆိုလျင် ဘုရင်အဇာတသတ်အလွန် နောက်ပိုင်းနှင့် အသောကဘု ရင်ကြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်မှုမရှိသေးသောကာလကို ဖေါ်ပြရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်များကို ပေထက်အက္ခရာမတင်ရသေးသော ထိုကာလ၌ နိုင်ငံရေးအဖြေအနေအရသော်လည်း ကောင်း၊ အခြားဘာသာများ ၀င်ရောက်ထိုးဖောက်လာနေမှုအရသော်လည်းကောင်း၊ အား ပြိုင်နေကြသောကြောင့် ဖြစ်သည်။ ထိုအခက်ခဲကာလအတွင်း ဗုဒ္ဓဘာသာကိုဆရာတကာ လက်တွဲပြီး သာသနာပြုချီးမြောက်လာခဲ့ကြသော ရဟန်းတော်များနှင့် ဘုရင်များအ ကြောင်းကို စာရေးသူလက်လှမ်းမှီသလောက် စုစည်းတင်ပြပါမည်။

ဥဒါယီဘဒ္ဒဘုရင်
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း မဂဓဘုရင်အဇာတသတ်သည် ပထမသ င်္ဂါယနာတင် ဒါယကာဖြစ်လာအောင်ထိ အိန္ဒိယ၌ဗုဒ္ဓဘာသာကိုအဓိက ထောက်ပံ့သော ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ ဘုရင်အဇာတသတ်ကို ဆက်ခံသောဘုရင်သည် ဥဒါယီဘဒ္ဒခေါ် ဘုရင်ဥဒါယီ (၄၆၁-၄၄၅ ဘီစီ) ပင်ဖြစ်သည်။ သူသည် နန်းမတက်မီ စမ္ပာပြည်တွင် ဘုရင် ခံဖြစ်ခဲ့သည်။ ထိုဘုရင်သည် ဂင်္ဂါမြစ်ကမ်းပေါ်တွင် ကုသုမာပူရ ဟုခေါ်သော မြို့တော် အသစ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ထိုမြို့သည် နောက်တွင် ပါဋလိပုတ္တ မြို့ဟူ၍ ထင် ရှားလာသည်။
သူ၏နန်းစံသက်သည် တစ်ဆယ့်ခြောက်နှစ်ကြာခဲ့သည်။ သူသည် ဗုဒ္ဓဘာ သာကို ကြည်ညိုသောဘုရင်တစ်ပါး ဖြစ်ပြီး နိုင်ငံတော်၌ ဗုဒ္ဓဘာသာ ထွန်းကားလာရန် များစွာ စွမ်းဆောင်ခဲ့သည်။ ဗုဒ္ဓဘာသာတရားတော်ကို သူ၏နိုင်ငံတွင်းသာမက ပြင်ပနိုင်ငံ များတွင်လည်းပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။ သူ့ဘ၀တစ်သက်တာကာလ ဘာသာ ရေး ဆိုင်ရာဆောင်ရွက်ချက်များက သူသည် ဘာသာတရားကိုင်းရှိုင်းသော ဘုရင်တစ်ပါး ဖြစ်ကြောင်းကို အထင်အရှားသက်သေပြနေသည်။

မုန္ဒဘုရင်
ပူရမ်ကျမ်းများက ဥဒါယီဘဒ္ဒအား ဆက်ခံသောဘုရင်များကို နန္ဒိဝရဓနနှင့် မဟာန န္ဒိ ဟူ၍ ဘုရင်းနှစ်ပါးကိုညွန်းဆိုပါသည်။ ဂျိမ်း ကျမ်းစာများ၌ မဟာနန္ဒိတွင် နန်လျာသားသ္မီး မရှိဟူ၍ ပေါ်ပြပါသည်။ ဗုဒ္ဓစာပေတွင် ဘုရင်ဥဒါယီဘဒ္ဒနောက် နန်းတက်သောဘုရင်သုံးပါး ၏ အမည်ကို ဖော်ပြပါသည်။ ၄င်းတို့မှာ အနုရုဒ္ဓါ၊ မုန္ဒ၊ နာဂဒါသ ဘုရင်များပင်ဖြစ်ကြသည်။ ဒိဗျာဝဒနကျမ်းတွင် ဘုရင်ဥဒါယီဘဒ္ဒ၏ သားသည် ဘုရင်မုန္ဒဖြစ်သည်ဟုပင် ညွန်းဆိုပါ သည်။ ဘုရင်အနုရုဒ္ဓါသည် မဂဓထီးနန်းကိုအုပ်ချုပ်သောကာလမှာ အလွန်တိုးတောင်း သည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်ရှိသည်။
အင်္ဂုတ္တရနိကာယ်တွင် ဘုရင်မုန္ဒသည် သူ၏ မိဘု ရားနတ်ရွာစံပြီးနောက် အလွန်ပူဆွေးသောကရောက်ပြီး မိဖုရား၏ အလောင်းကိုပင် မီးသင်္ဂြီိုဟ်ခွင့်မပြုဟု ဖေါ်ပြထားပါသည်။ ထိုအခါပါဋလိပုတ်အနီး ကုက္ကုဋာရာမကျောင်း၌ သီတင်းသုံးနေသော အရှင်နာရဒမထေရ်နှင့်တွေ့ပြီး၊ ထိုမထေရ်က ပြုပြင်စီရင်ထားသော လောကီအရာဝတ္ထုမှန်သမျှသည် မမြဲခြင်းသဘောရှိကြောင်း တရားဟောကြားသည့်အခါမှ သာ မိဖုရားအလောင်းကို မီးသင်္ဂြီူဟ်ခွင့်ပြုလိုက်သည်ဟု ဆိုပါသည်။ ထိုမထေရ်၏တရား တော်ကြောင့်လည်း ဗုဒ္ဓဘာသာသည် ဘုရင်ကြီးနှင့် တိုင်းသူပြည်သားများအပေါ် လွှမ်းခြုံ သွားပါတော့သည်။

နာဂဒါသဘုရင်
နာဂဒါသဘုရင်သည် ဖခင် မုန္ဒဘုရင်ကို သတ်ကာ မဂဓထီးနန်းကိုသိမ်းပိုက်ပြီး ဘုရင်ဖြစ်လာသည်ဟု သိရသည်။ ဘုရင်ဗိဗ္မိသာရ တည်ထောင်ခဲ့သော ဟရယင်က နန်းဆက်၏ နောက်ဆုံးဘုရင်အနေဖြင့် ဤဘုရင်ကိုမှတ်ယူကြသည်။ သူ့သားလက်ထက် ၌ သူ့နိုင်ငံတော်အတွင်း ဗုဒ္ဓဘာသာစည်ပင်တိုးတက်မှုကိုမူ မတွေ့ရပေ။

သီသုနာဂ သို့ မဟုတ် သုသုနာဂ မင်းဆက်
သီသုနာဂ သို့မဟုတ် သုသုနာဂ(၄၁၃-၃၉၅ ဘီစီ) သည် မဂဓနိုင်ငံတော်၏ စွမ်းရည် ရှိသော ၀န်ကြီးတစ်ယောက်ဖြစ်သည်။ ဘုရင်နာဂဒါသကနောက်ထီးနန်းဆက်ခံ သောဘုရင်လည်းဖြစ်သည်။ ဘုရင်နာဂဒါသကသည် အဖကိုသတ်ရဲလောက်အောင် လူမဆန်မှုများ၊ သူ့ပြည်သူများအပေါ် နှိပ်စက်ညှင်းပန်မှုများကြောင့်၊ နန်းတော်မှ မောင်း ထုတ်ခြင်းခံရသည်။ ထိုအခြေအနေတွင် သီသုနာဂ၀န်ကြီးသည် သူ၏မင်းဆက်ကို တည်ထာင်လိုလေသည်။ သီသုနာဂသည် ဝေသာလီမှ လိစ္ဆ၀ီရာဇာတစ်ယောက်၏ သားဖြစ်ပြီး၊ သူ့မိခင်မှာ ပြည်တန်ဆာမ တစ်ယောက်ဖြစ်သည်ဟုဆို၏။
သို့သော်လည်း သူ့ကိုဝန်ကြီးတစ်ယောက်က ကောက်ယူမွေးစားခဲ့သောကြောင့် ၀န်ကြီးတစ်ယောက်၏ သားဟုသာသိကြသည်။ သူသည် ဗာရာဏသီ၌ မာဂဓဘုရင်းလည်းဖြစ်ခဲ့သေးသည်။ မာလာလင်္ကာရ၀တ္ထုတွင် သူ၏မြို့တော်သည် ဝေသာလီဖြစ်သည်ဟုဖေါ်ပြထားသည်။ သူသည် ဘုရင်စဏ္ဍပဇ္ဇောတကို အနိုင်တိုက်ပြီးနောက် အ၀န္တိပြည်ကိုသိမ်းပိုက်ခဲ့သည်သာ မက၊ ကောသလနှင့်ဝဿနိုင်ငံတော်များသည်လည်း သူ့လက်အောက်သို့ ကျရောက် သည်ဟု ဆိုကြသည်။ ဤဘုရင်လက်ထက်တွင် ဗုဒ္ဓဘာသာ စည်ပင်ထွန်းကားသည်ကို မတွေ့ရပေ။

ကာလာသောဘုရင်
ကာလာသောက (၃၉၅-၃၆၇ ဘီစီ) ဘုရင်သည် သီသုနာဂဘုရင်၏ သားပင် ဖြစ် သည်။ သူ့ဖခင်လွန်ပြီးနောက် မဂဓထီးနန်းကို ဆက်ခဲ့သည်ံ။ ကာလာသောကဘုရင်၏မြို့ တော်သည် ပါဋလိပုတ် ဖြစ်သည်။ ကာလာသောကမင်းကြီး၏ အုပ်ချုပ်မှုသည် ဗုဒ္ဓဘာသာ သမိုင်းတွင် အလွန်အရေးပါခဲ့သည်။ အဘယ်ကြောင့်ဆိုတော် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီ နောက် နှစ်တစရာအကြာမှာ ၀ဇ္ဇီရဟန်းတော်အချို့၏ ပြောင်ပြောင်တင်းတင်းတောင်းဆို လာသော ၀ိနည်းတော်နှင့်မညီညွတ်သော အချက်ဆယ်ချက်ပါ အကျင့်များကို နှိမ်နှင်းဖို့ရန် ဝေသာလီမှာ ကျင်းပသော ဒုတိယသင်္ဂါယနာနှင့်ဆက်စပ်နေသောကြောင့်ပင်ဖြစ်ပေသည်။ အရှင်ယသမထေရ်၏ ဦးဆောင်မှုဖြင့်များစွာသော ရဟန်းတော်များသည် ထိုဝိနည်းတော် နှင့်မညီညွတ်သော အကျင့်များကိုဆန့်ကျင်ခဲ့ကြသည်။ ဤကိစ္စတွင် ရဟန်းတော်များသည် ကာလာသောကမင်းကြီး၏ အကူအညီကိုလိုအပ်သည်။ ဘုရင်သည် ဤသံဃာယနာပွဲ တွင်ပါဝင်လာခဲ့ပြီး၊ အရှင်ယသမထေရ်ဦးဆောင်သောရဟန်းတော်များနှင့် ဝေသာလီရဟန် များအကြား ပဋိပက္ခများကိုဖြေရှင်းဖို့ရန် အဓိကအခန်းခဏ္ဍမှ ပါဝင်ခဲ့သည်။ ဤသို့ဖြင့် အ ငြင်းပွားမှုများကို ဖြေရှင်းဖို့ရန်နှင့်ဝေသာလီရဟန်းများ၏ ၀ိနည်းတော်ဆိုရာ အချက်ဆယ် ချက်ကို ဆွေးနွေးဖို့ရန် မဟာနာယကဆရာတော် အရှင်ရေ၀တ၏သြ၀ါဒနှင့်အညီ ဒုတိယ သင်္ဂါယနာတင်ပွဲတော်ကို ကာလာသောကမင်းကြီး၏ အထောက်အပံ့ဖြင့် ကျင်းပခဲ့သည်။ ထိုပွဲတော်တွင် အချိန်ကြာမြင့်စွာ အခြေအတင်ဆွေးနွေးကြပြီးနောက် သင်္ဂါယနာတင်ရ ဟန်းတော်များက ခွင့်မပြုနိုင်သော တရားမ၀င်သော ထိုအချက်ဆယ်ချက်ကို ဆန့်ကျင်ဆုံး ဖြတ်ခဲ့ကြသည်။
သို့သော်လည်း ထိုသင်္ဂါယနာတင်ရဟန်းတော်များ၏ ဆုံးဖြတ်ချက်ကို ဝေ သာလီရဟန်းများက လက်မခံခဲ့ကြပေ။ ဤသို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် သဘောတူညီမှု မရရှိဘဲ ၀ိဝါဒကွဲပြားခဲ့ကြသည်။ ထိုဝေသာလီရဟန်းများသည်သံဌာအဖွဲ့အစည်းကိုစွန့်ခွါ ပြီး ၊ သူတို့ကိုသူတို့ မဟာသံဃိကဟုခေါ်သော သံဃအဖွဲ့အစည်းသစ်တစ်ခုကိုလည်း တည်ထောင်ခဲ့ကြသည်။ ပြီးနောက် မဟာသံဃက သို့မဟုတ် မဟာသံဂီတိဟူ၍ခေါ်သော နောက်ထပ်စင်ပြိုင်သံဃာယနာတစ်ခုကိုလည်း ထိုဝေသာလီရဟန်းများကပင်လျှင် ဦးဆောင်ကာ ကျင်းပခဲ့ကြသည်။ ထိုသင်္ဂါယနာတွင် ရဟန်းတစ်ထောင်ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။
အကျိုးဆက်အနေဖြင့် ဒုတိယသင်္ဂါယနာအပြီးတွင် သံဃာ့အဖွဲ့အစည်း၌ အုပ်စုနှစ် ခု ပေါ်ပေါက်လာခဲ့သည်။ မြတ်စွာဘုရားပညတ်တော်မူခဲ့သည့်အတိုင်း ပြင်ဆင်ခြင်း၊ ထုတ် ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြုဘဲ သင်္ဂါယနာတင်လိုကြသော ရဟန်းတော်များကတစ်ဖက်၊ မြတ်စွာဘုရားထုတ်ပြန်ခဲ့သော ၀ိနည်းစည်းကမ်းတော်များကို ပြုပြင်ပြောင်းလဲလိုသော ရဟန်းများက တစ်ဘက်ဟူ၍ အုပ်စုနှစ်ခုပေါ်လာခဲ့သည်။ ဝေသာလီရဟန်းများက ၀ိနည်းတော်၏ တင်းကျပ်သော စည်းကမ်းများကိုပြုပြင်လိုကြသည်။
ထိုရဟန်းများသည် သာသနာတော်၌ သက်တောင့်သက်သာ နေလိုကြသည်။ ကောသမ္ဘီ၊ ပါဝါ၊ အ၀န္တိပြည်များ မှ ရဟန်းတော်များက မြတ်စွာဘုရားကိုယ်တိုင်ပညတ်တော်မူခဲ့သော ၀ိနည်းတော်များ တွင် မည်သည့်အလျော့အတင်း ပြုလုပ်မှုကိုမျှမလိုလားကြပေ။ ထိုပြုပြင်ပြောင်းလဲမှုကို ထိုရဟန်းတော်များဆန့်ကျင်ကြသည်။ ရှစ်လကြာကျင်းပသော ထိုသင်္ဂါယနာတင်ပွဲတော် တွင် ရဟန်းတော်ပေါင်း (၇၀၀)လောက်ကြွရောကိခဲ့ကြသည်။ ဤအချက်သည် ကာလာ သောကမင်းကြီး၏ အုပ်ချုပ်မှုကာလတွင် ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားသော အခြေအနေ ကို ပြနေပေသည်။ သို့သော်လည်း ထိုသင်္ဂါယနာတင်ပွဲအပြီးတွင် သံဃာ့အဖွဲ့အစည်း၌ ပထမဆုံးသံဃဂိုဏ်းခွဲမှု မရှောင်မလွဲသာ ပေါ်ထွက်လာခဲ့သည်။ ထိုအချိန်နောက်ပိုင်း၌ သံဃာ့ဂိုဏ်းကွဲပေါင်း ဆယ့်ရှစ်ခုထက်မနည်း ရှိခဲ့သည်ဟု သိရသည်။ ထေရ၀ါဒတွင်လည်း ဂိုဏ်းကွဲငယ်ပေါင်း တစ်ဆယ့်တစ်ခုလောက်ဖြာထွက်လာသည်။
သို့သော်လည်း ထိုဂိုဏ်း ကွဲငယ်များသည် ထေရ၀ါဒပုံစံများအတိုင်းသာ ဆက်လက်နေထိုင်ကျင့်သုံးသွားခဲ့ကြသည်။ ထိုသံဃာ့ဂိုဏ်းများသည် ယခုမြန်မာပြည်တွင် သုဓမ္မာ၊ ရွှေကျင် စသည်ဖြင့် ကွဲပြားသလို မျိုးဖြစ်သည်ဟု ယူဆရသည်။ ထိုဂိုဏ်းကွဲ ဆယ့်တစ်ခု၏ အမည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ (Mahisasaka) မဟီသာသက၊ (Dharmagupta)ဓမ္မဂုပတ၊ (Sarastivada) သရ၀သတိဝါဒ၊ (Kasyapiya) ကာသျှပိယ၊ (Haimavata) ဟိမ၀တ၊ (Sankrantika (Sautrantika) and Suttavada) သင်္ကရန္တိကနှင့် သုတ္တန္တိက၀ါဒ၊ (Vatsiputriya) ၀ိသတိ ပူတြိယ၊ (Sammitiya) သမ္မိတိယ၊ (Dharmottariya) ဓမ္မေတ္တရိယ၊ (Bhadrayaniya) ဘဒြယာနိယ နှင့် (Sannagarika or Channagarika) သညာဂါရိက တို့ပင်ဖြစ်ပါသည်။
မဟာသံဃိကဂိုဏ်းတွင်မှု ဂိုဏ်းကွဲနှစ်ခုပေါ်ထွက်လာခဲ့ပြီး တဖြည်းဖြည်းထေရ၀ါဒ အစဉ်အလာများကိုစွန့်လွတ်ကာ မဟာယာနဂိုဏ်းပေါ်ထွက်လာရန် လမ်းဖွင့်ပေးသလို ဖြစ်သွားခဲ့သည်။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ (Gokulika) ဂေါကူလိက၊ (Pannattivada ‘Prajna- ptivada’) ပညာတိဝါဒ၊ (Bahusrutiya) ဗဟုသရူတိယ၊ (Cetiyavada ‘Caityika’) စေတိယ၀ါဒ၊ (Ekavyavaharikas) ဧကဗျာဝဟရိက၊ (Purvasaila)ပူရ၀သေလနှင့် (Aparassila) အပရသေလ တိုပင်ဖြစ်ကြသည်။ အစပထမ၌ ထိုဂိုဏ်းဝင်ရဟန်းများသည် ထေရ၀ါဒ အယူအဆများအတိုင်း လိုက်နာခဲ့ကြပြီး၊ အချိန်ကြာလာသည်နှင့်အမျှ တဖြည်း ဖြည်း ထိုအယူဝါဒများကို စွန့်လာခဲ့ကြကာ နောက်ဆုံး၌ မဟာယာန၀ါဒီဆီသို့ယိုင်းယိုင် သွားခဲ့ကြသည်။
(Sarvastivadins) သရ၀သတိဝါဒီများသည် ဘီစီသုံးရာစု၏ပထမပိုင်း၌ ပေါ်ပေါက်လာခဲ့ကြသည်ဟု မှတ်တမ်းများ၌ဆိုသည်၊ ယင်းနောက်ပိုင်းတွင် (Vatsiputriy -as) ၀သတိပူတြိယ၀ါဒီများ၊ (Sammitiyas) သမ္မိတိယများ၊ (Sannagarika) သညာဂါရိက ၀ါဒီများ အစရှိသဖြင့် အစဉ်အတိုင်း အိန္ဒိယဗုဒ္ဓဘာသသမိုင်း၌ တည်ရှိလာခဲ့ကြသည်။ (Dharmaguptas) ဓမ္မဂုပတ၀ါဒီများ (Kasyapiyas) ကာသျှပိယ၀ါဒီများနှင့် (Sankrantikas) သင်္ကရန္တိက ၀ါဒီများသည် ဘီစီသုံးရာစု အဆုံးပိုင်းမှ ပေါ်ပေါက်လာခဲ့ကြ သည်ဟု မှတ်တမ်းများ၌ဆိုသည်။ ဘီစီနှစ်ရာစုတွင် (Ekavyavaharikas) ဧကဗျာဝဟရိက ၀ါဒီများ၊ (Lokottaravadins) လောကုတ္တရာဝါဒီများ၊ (Gokulika) ဂေါကူလိက၀ါဒီများ၊ (Pannattivadas ‘Prajnaptivadas”) ပညာတိဝါဒီများ၊ ပေါ်ပေါက်လာသည်ကိုတွေ့မြင်ကြ ရသည်၊ (Cetiyavadas ‘Caityikas’) စေတိယ၀ါဒီများ၊ (Purvasaila) ပူရ၀သာလ၀ါဒီ များမှာမူကား ဘီစီနှစ်ရာစုနှစ်၏ အဆုံးပိုင်မှာမှ ဖြစ်သည်ဟု မှတ်တမ်းများ ကဆိုသည်။
သူရသေနဘုရင် (Surasena)
သူရသေနဘုရင်သည် (၁၇)နှစ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ သူ့နိုင်ငံတော်အတွင်း ဗုဒ္ဓဘာသာသည် သူ၏ထောက်ပံ့မှုဖြင့် များစွာတိုးတက်ခဲ့သည်။ အရပ်လေးမျက်နှာမှ ဗုဒ္ဓဘာသာရဟန်းတော်များသည် သူ့အလှုအဒါန်းများကို နှစ်ပေါင်းသုံးဆယ်လောက် ခံယူ တော်မူခဲ့ကြသည်။ ကမ္ဘာတ၀ှမ်းတည်ထားကိုးကွယ်ကြသော သာသနာ့အဆောက်အဦး များ၏ လိုအပ်ချက်များစွာကိုပင် သူလှူဒါန်းခဲ့သည်ဟုသိရသည်။
နန္ဒမင်းဆက်
သူရသေနဘုရင်၏ သားတော်တစ်ယောက်ဖြစ်သော ဘုရင်နန္ဒသည် ဖခမည်းတော် နတ်ရွာစံပြီး နောက်ပိုင်းထီးနန်းကိုသိမ်းပိုက်စိုးစံခဲ့သည်။ သူသည်နန္ဒမင်းဆက်ကိုထူထောင် သူဖြစ်သည်။
သူရသေနဘုရင်နတ်ရွာစံပြီးနောက် ထိုဘုရင်တည်ထောင်ခဲ့သော မင်းဆက်လည်း အဆုံးသတ်သွားခဲ့ရသည်။ ဘုရင်နန္ဒကိုအဆုံးအစမရှိသော တိုင်းနိုင်ငံတော် (ဘီစီ-၃၆၄) ကိုပိုင်ဆိုင်သူ၊ သို့မဟုတ် ကြီးကျယ်များပြားသော ဓနဥစ္စာကိုပိုင်ဆိုင်သူအဖြစ် ပူရာဏ် ကျမ်းက ဖော်ပြထားသည်။ သူသည် ကာသိ၊ ပဉ္စလ၊ ကုရု၊ မိတ္ထိလာစသော ယင်းအချိန်က ကိုယ်ပိုင်ဘုရင်များဖြင့် အုပ်ချုပ်နေကြသော နိုင်ငံများစွာကို သိမ်းယူခဲ့ပြီး၊ သူ၏သြဇာ အောက်သို့ သွတ်သွင်းခဲ့သည်။
ဘုရင်နန္ဒသည် ဗုဒ္ဓဘာသာပြန့်ပွားရေး၌ တန်ဖိုးရှိသော အထောက်အပံ့များကိုပေးခဲ့သည်။ သူသည်ကာသိတိုင်းမှ ရဟန်းတော်များကို နှစ်ပေါင်း များစွာထောက်ပံ့လှူဒါန်းခဲ့သည်။ သူ၏ဆရာသည် ကလျာဏမိတြ ဟုသိရသည်။ ထိုရ ဟန်းတော်အကြေံပေးချက်များအရ ထိုဘုရင်သည် များစွာသောကောင်းမှု ကုသိုလ်များကို ပြုလုပ်ခဲ့သည်။ သူသည် ဗုဒ္ဓ၏ ဓာတ်တော် မွေတော်များနှင့် တည်ထားကိုးကွယ်ထားသော စေတီတော်များအတွက် များစွာသော အလှူအတန်းများကို ပြုလုပ်ခဲ့သည်။ ထိုဘုရင်သည် ဘာသာတရားကိုင်ရှိုင်းသော ဘုရင်တစ်ပါးဖြစ်ပြီး၊ သူ့နိုင်ငံတော်အတွင်း ဗုဒ္ဓဘာသာ တိုးတက်ကြီးပွါးလာအောင် များစွာအထောက်အကူပြုခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းတော်များ ကိုလည်း များစွာလှူဒါန်းထောက်ပံ့ပေးခဲ့သည်။ သူသည်ပါဋလိပုတ်နေ ရဟန်းတော်များကို အသက်ထက်ဆုံး ပစ္စည်းလေးပါးထောက်ပံ့ပေးခဲ့သည် ဟုသိရသည်။
ထိုနန္ဒဘုရင်ကွယ် လွန်ပြီးနောက် သူ့ထီးနန်းအရိုက်အရာကို သူ့၏သားရှစ်ယောက်က တစ်ယောက်ပြီးတစ် ယောက်ဆက်ခံသည်ဟုသိရသည်။ နောက်ဆုံးနန္ဒမင်းဆက် ဘုရင်၏အမည်သည် ဒါနနန္ဒ ဟုသိရပြီး ထိုဘုရင်းကိုတိုင်းသူပြည်သားများက ကြည်ညိုလေးစားမှု နည်းကြသည်ဟုသိရ သည်။ သို့သော် မည်သည့်အကြောင်းကြောင့် ပြည်သူများမနှစ်သက်ကြသနည်း ဆိုသည် ကိုတော့ ဖေါ်ပြမထားပေ။ နောက်ဆုံးမှာကား သူ၏တိုင်းသူပြည်သားများက သူ့ကိုတော် လှန်ပုန်ကန်ခဲ့ကြသည်။
ထိုအချိန်၌ မောရိယ မျိုးနွယ်ဝင်ဖြစ်သော စန္ဒြဂုပတသည်ဆာနကျ (Channakya) ခေါ် ကောတိလျ (Kautil-y)၏ အကူအညီနှင့် ဟိမ၀တ်ကူတ (Himavatk- uta) ဘုရင်၏အကူအညီများကို ယူကာနန္ဒမင်းဆက်ကို ဖြုတ်ချခဲ့သည်။ ၁၂-နှစ်ကြာ မဂဓ ၏ထီနန်းကို စိုးစံခဲ့သော နန္ဒမင်းဆက် ရှစ်ဆက်၏ အုပ်ချုပ်မှုအတွင်း ဗုဒ္ဓဘာသာ တိုးတက် မှုနှင့် ပတ်သက်၍ မည်သည့်မှတ်တမ်းမှတ်ရာများတွင်မှ ကြီးကြီးမားမား မတွေ့ရှိရပေ။ ထို အချိန်မှစ၍ ဗုဒ္ဓဘာသာအတွက် အလွန်တရာ ကျေးဇူးများမည့် အသောကဘုရင်၏ မင်း ဆက်ဖြစ်သော မောရယမင်းဆက် အုပ်ချုပ်လာခဲ့ပေသည်။
ဦးစရိယ M.A
References;
(1) The Rise and Decline of Buddhism in India by kanai Lal Hazra
(2) Discovery of India by Jawaharlal Ne-hru
(3) Ancient Indian History by R.C Maju-da
(4) Ancient and Medieval Indian History by Delhi University
(5) History of Ancient India by Rama Shankar Tripathi
(6) ထေရ၀ါဒနှင့်ပတ်သက်သော မှတ်ချက်များ၊ နန္ဒာသိန်းဇံ
မှတ်ချက်။ ။ ဤဆောင်းပါးကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။

Back to top Go down
 
အသောကမင်းကြီးးမတိုင်မီ အိန္ဒိယသာသနာ ထိန်းသိမ်းစောင့်ရှောက်မှု အခြေ အနေ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
 :: သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် :: GENERAL-
Jump to: