ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Would you like to react to this message? Create an account in a few clicks or log in to continue.
ESSENCE OF DHAMMA

Essence of Dhamma
 
HomeမာတိကာGalleryPublicationsLatest imagesSearchRegisterLog in

 

 ၀သုဗႏၶဳ ၏ ဘ၀ အတၱဳပၸတၱိ

Go down 
AuthorMessage
sitagustudent




Posts : 6
Join date : 2018-07-27

၀သုဗႏၶဳ ၏ ဘ၀ အတၱဳပၸတၱိ Empty
PostSubject: ၀သုဗႏၶဳ ၏ ဘ၀ အတၱဳပၸတၱိ   ၀သုဗႏၶဳ ၏ ဘ၀ အတၱဳပၸတၱိ EmptyWed 19 Sep 2018 - 11:55

ဝသုဗန္ဓု သည် နောင်တော် ဖြစ်သော အသင်္ဂကဲ့သို့ ခတ္ထိယအနွယ် မဟုတ်ပဲ ဗြဟ္မဏ မျိုးရိုးမှ ဆင်းသက်ခဲ့သည်။ နောင်တော် အသင်္ဂ ရဟန်းဘောင် သို့ တက်ရောက်ချိန်လောက်တွင် မွေးဖွားခဲ့မည်ဟု ယူဆကြ ပါသည်။ ၀သုဗန္ဓု သည် ဗြဟ္မဏ မျိုးရိုးမှ ဆင်းသက် သူဖြစ်သောကြာင့် ငယ်စဉ်က ဝေဒကျမ်းများ ကို လေ့လာဆည်းပူးခဲ့၏။ ကြီးပြင်း၍ အသိဥာဏ်ရင့်ကျက်လာသော် ဗြဟ္မဏ ဘာသာကို စွန့်လွှတ်၍ ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကို ခံယူခဲ့၏။
ဝသုဗန္ဓု ရဟန်းဖြစ်ချိန် တွင် သူ၏ အစ်ကို ဖြစ်သူ အသင်္ဂ မှာ နာမည်ကျော်ကြား ထင်ရှားသော ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါး အဖြစ် ရောက်ရှိနေပြီး မဟာယာန ယောဂါစာရ ဒဿနဆိုင်ရာ ကျန်းဂန်အများအပြား ရေးထုတ်ပြီးဖြစ်သော ကာလ ဖြစ်၏။

ဝသုဗန္ဓု သည် ထိုခေတ် အခါက နာမည်ကျော် နာလန္ဒ တက္ကသိုလ် ကြီးဝယ် ပိဋကတ်စာပေများကို လေ့လာဆည်းပူးခဲ့သူ ဖြစ်သည်။ သူ၏ တောက်ပြောင်ထက်မြက်သော ဥာဏ်ပညာ ကြောင့် အစ်ကို ဖြစ်သူ အသင်္ဂ ကဲ့သို့ ဓမ္မကျင့်စဉ်ဖက်သို့ မတိမ်းညွတ်ပဲ ပရိယတ္တိစာပေ လေ့လာဆည်းပူးမှု ကို သာ ဇောက်ချလုပ်ဆောင်ခဲ့သည်။ ၀သုဗန္ဓု သည် ကသ္မီရ (ကက်ရှမီးယား) ဒေသ သို ခရီးထွက်ခဲ့ပြီး နောက် ဆရာဖြစ်သူ သံဃဘဒြ နှင့်ဆုံတွေ့ခဲ့ ပြီးနောက်ဝယ် သံဃဘဒြ က ၀သုဗန္ဓု အား ရှေးဦးဗုဒ္ဓဘာသာဂိုဏ်း (၁၈) ဂိုဏ်း ၏ ပိဋကတ်စာပေများ ကို လေ့လာ ရန်တိုက်တွန်းခဲ့ ၏။
တိဗက်သမိုင်းပညာရှင် ဘုထွန် (Bu-Ton) ၏ အလိုအရ ပိဋကတ်စာပေများ ကို လေ့လာပြီးလတ်သော် ၀သုဗန္ဓု သည် နာလန္ဒတက္ကသိုလ် သို့ ပြန်လည်ရောက်ရှိ ခဲ့ပါ၏။
ဝသုဗန္ဓုသည် သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အဘိဓမ္မာ ၀ိဘာသာကျမ်းများ ကို လေ့လာဆည်းပူးပြီးလတ်သော် ထိုကျမ်းများ ၏ အနှစ်ချုပ် အဋ္ဌကထာ သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အနေဖြင့် အဘိဓမ္မာကောသ ကျမ်းကြီးကို စီရင်ခဲ့ သည်။ ထိုကျမ်းသည် ယနေ့တိုင် မဟာယာနဗုဒ္ဓဘာသာလောက တွင် အဘိဓမ္မာသံခိပ် ကျမ်း တစ်ဆူ အဖြစ် ထင်ရှား နေဆဲ ဖြစ်သည်။ ၀သုဗန္ဓု သည် သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အယူအဆ များစွာ ကို လည်း စိစစ်ဝေဖန်ထိုးနှက်ခဲ့ သော လက်ရာ ဖြစ်သည်။ မိမိ ကိုယ်တိုင်ပင် အဘိဓမ္မာကောသ ကျမ်းကြီး ၏ အဖွင့် ဋီကာဖြစ်သော အဘိဓမ္မာကောသ ဘာသာ ကို သုတ္တန္တိကဒဿနရှုထောင့်မှ ရပ်တည်၍ သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အယူအဆများကို ဝေဖန်ခဲ့သူ လည်း ဖြစ်သည်။
တိဗက်သမိုင်းပညာရှင် တာရာနာထ က ထပ်မံဖြည့်စွက်ပြောဆိုခဲ့သည်မှာ ၀သုဗန္ဓု သည် ပါဠိစာပေထွန်းကားရာ မဂဓ တိုင်းတွင် နှစ်ပေါင်းများစွာ သီတင်းသုံးခဲ့သည်ဟုဆိုပါသည်။ ၀သုဗန္ဓု သည် မဂဓတိုင်းတွင် နေထိုင်နေစဉ် ကာလအတွင်း နောင်တော် အသင်္ဂ ၏ ယောဂစာရဘူမိ ကျမ်းကြီးကို ဖတ်ရှုပြီး သဘောမပေါက်နိုင်လောက် အောင်ဖြစ်ခဲ့ရ၏။
တုသိတာနတ်ပြည်သို့ အသင်္ဂ ရောက်ရှိခဲ့သည်ဆိုသော ဇာတ်လမ်း ကို ၀သုဗန္ဓု လည်း ကြားခဲ့ပြီးဖြစ်ရာ=အော် အသင်္ဂ က ၁၂ နှစ်တောင် တောရဆောက်တည်ပြီးကျင့်ပေမဲ့ တရားထူးမရပဲ ဆင်နဲ့ ထမ်းပိုးသယ်ဆောင်ရလောက် အောင် ကြီးမားများပြားတဲ့ ကျမ်းစာတွေ သာ ရေးခဲ့တာ ကိုး = ဟူ၍မှတ်ချက်ပေးခဲ့သည်ဟူ၏။

ထို အကြောင်း ကို အသင်္ဂ ကြားလေသော ညီတော်ဖြစ်သူ ကို မဟာယာနဓမ္မလမ်းစဉ်တော်ပေါ်သို့ ရောက်အောင် ဆွဲဆောင်ခေါ်ယူရန် အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့လေ၏။ မိမိ စိတ်ကြိုက် လက်ရွေးစဉ် ရဟန်းတော် နှစ်ပါးကို ရွေးချယ်ကာ မဟာယာနသုတ္တန် နှစ်ခု ကို သင်ပေးပြီး ၀သုဗန္ဓုထံသို့ စေလွှတ်ခဲ့သည်။

ပထမ ရဟန်းက မဟာယာနဓမ္မလမ်းစဉ် ၏ အခြေခံအယူအဆများ ကို ဖေါ်ပြသော သုတ္တန်ကို ၀သုဗန္ဓု အား ရွတ်ဆိုပြရာ စိတ်ဝင်စားမှုရှိသော်လည်း အနည်းငယ်မျှ ယိမ်းယိုင်တုန်လှုပ်မှုမရှိခဲ့ပေ။ နောက်တစ်နေ့တွင် ဒုတိယရဟန်း က ဗောဓိသတ္တ မဂ်လမ်းစဉ်၏ အဆင့် (၁၀) ခု ကို ဖေါ်ကျူးသော ဒသဘူမိက သုတ္တန် ကို ရွတ်ဆိုပြသောအခါမှသာ ၀သုဗန္ဓု၏ နှလုံးသားကို ထိခိုက်ကြေကွဲစေခဲ့တော့၏။

နောင်တော် အသင်္ဂ ၏ မဟာယာနဓမ္မလမ်းစဉ် အပေါ် စော်ကားနှိမ်ချပြောဆိုခဲ့မိသည်များအပေါ် အပြစ်နောင်တရ ၍ မိမိ လျှာ ကို ဖြတ်ရန် စိတ်ကူးရာ အနားမှ သီတင်းဖော်ရဟန်းများက ၀ိုင်းတားကြပြီး ထိုသို့ မလုပ်သင့်ကြောင်းနှင့် အပြစ် ကြွေးကြေရန်မည်သို့လုပ်သင့်ကြောင်း ကို နောင်တော် အသင်္ဂ၏ အကြံဥာဏ်ကို ယူသင့်ကြောင်းပြောဆို ကြသဖြင့် ၀သုဗန္ဓုသည် နောင်တော် အသင်္ဂ ထံသို့ သွားရောက်ခဲ့ပါသည်။အသင်္ဂ က ၀သုဗန္ဓုအား မိမိ ကိုယ်ကို မညဉ်းဆဲရန်နှင့် မိမိ ၏ ပညာဥာဏ်အလင်းရောင်ကို ဝေနေယျသတ္တ၀ါအများအတွက် အကျိုးရှိရှိ အသုံးချသင့်ကြောင်း ဆုံးမခဲ့ရာ ၀သုဗန္ဓု သည် မဟာယာနဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်းခံယူခဲ့သည်ဟု ဆိုပါသည်။
သူ၏နောင်တော်ဖြစ်သူ အသင်္ဂ ၏ လမ်းညွှန်ပြမှု ဖြင့် မဟာယာနဗုဒ္ဓဓမ္မလမ်းစဉ်ပေါ် ရောက်ရှိပြီးနောက် အရေးပါသော ယောဂါစာရဒဿန အဖွင့်ကျမ်းများ ကို ပြုစုခဲ့ ရာတွင် ၀ိံသတိကာဝိညတ္တိမတ္တာသိဒ္ဓိ (ဂါထာ ၂၀ ပါ ကျမ်း) နှင့် တိံသိကာ ၀ိညတ္တိမတ္တာ (ဂါထာ ၃၀ ပါ ကျမ်း) နှစ်ဆူ သည် အထူးထင်ရှားခဲ့သည်။ ၀သုဗန္ဓု သည် အလွန်တရာ တိုတောင်းကျစ်လစ်သိပ်သည်းလှသော ဂါထာ အနည်းငယ်မျှဖြင့် ယောဂါစာရဒဿန ၏ အနက်ရှိုင်းဆုံး အခြေခံအကျဆုံး ဓမ္မအမြင်များကို စုစည်းဖေါ်ပြ နိုင်ခဲ့သူ ဖြစ်လေသည်။
ဝသုဗန္ဓု ရေးသားပြုစုခဲ့သောကျမ်းများအနက် ထင်ရှားသော ကျမ်းစာများမှာ
(၁) မဟာယာနသင်္ဂဟ အဋ္ဌအထာ
(၂) ဒသဘူမိက-ဘာသာ
(၃) စတုသာတကသျှတ္တရ
(၄) အမိတာယု သုတ္တောပဒေသ
(၅) မဟာယာန သတဓမ္မာ ပကာသမုခ သျှတ္တရ
(၆) သုဒ္ဓ၀ါသဘူမိ သျှတ္တရ
(၇) ၀ိညတ္တိမတ္တာ သျှတ္တရ
(၈) ကမ္မသိဒ္ဓိ ပကာရဏ
(၉) ၀ါဒ ၀ိဓိ (ယုတ္တိဗေဒကျမ်း)

သင်္ချဒဿန ကို ငြင်းဆိုရန်အတွက် ပရမတ္ထသတ္တတိ အမည်ရှိသော ကျမ်းကို ၀သုဗန္ဓု က ပြုစုခဲ့ပြီး ဤကျမ်း၏ သက္ကဋ မူရင်းမှာပျောက်ဆုံးခဲ့ပြီဖြစ် တရုပ်ဘာသာပြန်မူ ပဲ ကျန်ရစ်ခဲ့ ကြောင်း သိရပါသည်။

ဝသုဗန္ဓု လွန်ပြီးနောက် တွင် နှောင်းကာလ ယောဂါစာရဒဿန ဖြစ်ပေါ်တိုးတက်မှုများ ကို အုပ်စုကြီး (၃) စု အဖြစ်တွေ့ ရ၏။ ၎င်းတို့ မှာ==

(၁) ထိရမတိ နှင့် ဓမ္မပါလ တို့ ထူထောင်ခဲ့ ကြသော ယောဂါစာရ အဘိဓမ္မာ ဆိုင်ရာ ကျမ်းများ ဖြစ်ပြီး ယောဂါစာရ သည် တက္ကိကနာမ်ဝါဒ တစ်ခု အသွင်သို့ ပြောင်းလဲ သွားခဲ့သည်။

(၂) ဒိန္နာဂ နှင့် ဓမ္မကိတ္တိတို့ ၏ သုတ္တန္တိက ယောဂါစာရ အမြင် ကို အခြေခံသော ဗုဒ္ဓယုတ္တိဗေဒပညာ (Buddhist Logic) ထွန်းကား လာခဲ့ သည်။ ဒဿနစနစ်များ နှင့် ယှဉ်ပြိုင်ချေပမှုများ ခေတ်စားခဲ့ ၏။

(၃) သန္တရက္ခိတ နှင့် ကမလာသီလ တို့ ၏ ယောဂါစာရ နှင့် မာဓျာမိက အယူအဆ များ ကို မဟာသမူဟသစ် အဖြစ် ပေါင်းစည်း ပေးသော ဗုဒ္ဓဓမ္မ သစ် ဖြစ်ပေါ်လာခဲ့ ပြီး တိဗက် ဗုဒ္ဓဘာသာ အပေါ် များစွာ လွမ်းမိုးခဲ့ လေဟည်။
ယောဂါစာရ ဟူသော အမည် နှင့် ပညာရှင်များအမြင်
ယောဂါစာရ ဂိုဏ်း ကို စိတ္တမတ္တ ၀ိညတ္တိမတ္တ ၀ိညာဏ၀ါဒ စသဖြင့် အမည် အမျိုးမျိုး ခေါ်ဆိုကြသည် ကို တွေ့ရ၏။
ခေတ်သစ်ဗုဒ္ဓစာပေပညာရှင်များသည် ယောဂါစာရ ဂိုဏ်း ကို နာဂဇ္ဇုန၏ မာဓျမိကဂိုဏ်း ကို ဆန့်ကျင်ရပ်တည်ခဲ့သော မဟာယာနဂိုဏ်း အဖြစ်ရှုမြင်ကြလေသည်။ ဒေါက်တာ အက်ဒ၀ပ်ကွန်ဇီ ၏ အမြင်တွင် ယင်း ဂိုဏ်း နှစ်ခုသည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ငြင်းခုံချေတင်ခဲ့ကြကြောင်း နှင့်တစ်ဂိုဏ်း၏ ဓမ္မကျမ်းစာ ကို တစ်ဂိုဏ်း က အသိအမှတ်မပြုလက်မခံကြောင်း ဖေါ်ပြခဲ့၏။ [1]

ဂျပန် မဟာယာနဗုဒ္ဓဘာသာသုတေသီ ဂန်ဂျင် နာဂါအို ကမူ ကွန်ဇီ နှင့်ဆန့်ကျင်လျှက် ယင်း ဂိုဏ်း နှစ်ခုသည် တစ်ခုနှင့်တစ်ခု အလျှော်အကန် အသင့်အမြတ်ဖြစ်ခဲ့ကြောင်းဆိုခဲ့ မာဓျမိက ကို နားလည်သဘောပေါက်မှ ယောဂါစာရ ကို အမှန်နားလည်နိုင်မည်ဖြစ်ကြောင်း ယူဆခဲ့၏။ [2]

စိတ္တမတ္တ (ကျိတ္တမာတြ ) ဟူသော ဝေါဟာရ သည် လောကသုံးပါး သည် စိတ် သက်သက်သာ ဖြစ်ကြောင်း ခံယူသည့်အမြင်ကိုညွှန်းနေပြီး ၀ိညတ္တိမတ္တ ဟူသော ဝေါဟာရ သည် လောကသုံးပါး သည် ၀ိညတ် (သိမှုပညတ်) သက်သက်သာ ဖြစ်ကြောင်း ခံယူသည့်အမြင်ကိုညွှန်းနေပါသည်။ ထို့ကြောင့် စိတ္တမတ္တ (ကျိတ္တမာတြ ) ၀ိညတ္တိမတ္တ ဟူသော ဝေါဟာရ များကို ရှေးဦး ယောဂါစာရစာပေများတွင် အလွန်းနည်းပါးစွာ အသုံးပြုခဲ့သည် ကို တွေ့ရသည်။ အသင်္ဂရေးသော အလွန်ရှည်လျှားသည့် ယောဂါစာရဘူမိကျမ်းကြီးတွင် ဤ ဝေါဟာရများ ကို မတွေ့ရပေ။ လင်းဘတ် စမစ်ဟောင်ဆန် ၏ အမြင်အရဆိုလျှင် ယောဂါစာရဂိုဏ်း၏ ရှေးဦးပိုင်းကျမ်းစာများတွင် နောက်ပိုင်းခေတ်ကျမ်းများ၌ လှိုင်လှိုင်အသုံးပြုသော ၀ိညတ္တိမတ္တ စိတ္တမတ္တ စသည့် ဝေါဟာရစကားလုံးများ ကို မတွေ့ရသလောက်ဖြစ်ပြီး တွေ့ရသော တစ်နေရာမှာ လည်း ယောဂါစာရ အယူအဆအနေဖြင့်မဟုတ်ပဲ ဆန့်ကျင်ဖက် ပရ၀ါဒီတစ်ဦး၏ အဆို အနေနှင့် ဖေါ်ပြထား ပြင်ပလောက မရှိပဲ စိတ်-၀ိညတ် သက်သက်ပဲ ရှိမရှိ ပြဿနာ မဟုတ်ပဲ စိတ် အပြင် အခြားသော ဝေဒနာ သင်္ခါရ စသော စေတသိကတရားများ လည်း လိုအပ်ကြောင်းဆွေးနွေးချက်သာဖြစ်သည်ကို တွေ့ ရလေသည်။ [3] သို့သော်လည်း သံဓိနိမောစနသုတ္တန် နှင် မဟာယာနသင်္ဂဟ ကျမ်းများတွင် ဤဝေါဟာရများ ကို တွေ့ရှိရပြီး ၎င်း ဝေါဟာရများမှာ လောက၏ ပကတိအရှိတရား ကို ညွှန်ပြခဲ့ခြင်း မဟုတ်ပဲ ကမ္မဌာန်းဘာဝနာလုပ်ငန်း၏ အစိတ်အပိုင်းအနေဖြင့်သာ ဖေါ်ပြခဲ့ ကြောင်း တွေ့ရ၏။ [4]

အဆိုပါ သုတ္တန်တွင် သမာဓိဝင်စားနေစဉ်အခိုက် တွေ့မြင်ရသော အာရုံဝတ္တုများသည် စိတ်မှ တစ်ခြားစီဖြစ်သလော စိတ်နှင့်ထပ်တူပင်ဖြစ်သလောဟု မေတ္တေယျဗောဓိသတ္တ က ရှင်တော်ဗုဒ္ဓ ကို မေးမြန်းရာတွင် ရှင်တော်ဗုဒ္ဓက ၎င်း အာရုံဝတ္တုများသည် စိတ်နှင့်ထပ်တူပင်ဖြစ်သည် (သို့မဟုတ်) စိတ်၏သိမှု ၀ိညတ်အသွင်အပြင်များ သက်သက်သာ ဖြစ်ကြောင်း ဖြေကြားတော်မူခဲ့လေသည်။

အသင်္ဂ နှင် ၀သုဗန္ဓုတို့ လွန်ပြီး နှစ် ၂၀၀ ခန့် အကြာတွင် ယောဂါစာရ ဂိုဏ်းမှ ဂိုဏ်းကွဲ စီးကြောင်း နှစ်ခု ကွဲထွက်လာခဲ့
ဓမ္မပါလဦးဆောင်သော ဂိုဏ်း ကို ၀ိညာဏ၀ါဒ ဟူသော အမည်ဖြင့် ခေါ်ဝေါ်ခဲ့ပေသည်။ ယင်း ဂိုဏ်းသည် ပြင်ပ ဗဟိဒ္ဓ လောက ကို စိတ်၏ အသွင် သဏ္ဍာန် အဖြစ်သာလက်ခံခဲ့ သည့် အပြင် မူလ ပကတိအရှိတရား =ပရမတ္ထတရား စစ်စစ် မှာ လည်း စိတ္တ (၀ါ) ၀ိညာဏဓါတု သာဖြစ်ကြောင်း လက်ခံခဲ့သောကြောင့် ၀ိညာဏ၀ါဒ အမည်တွင်ခဲ့ရလေသည်။ ယောဂါစာရ ဟူသော မူလ အမည်သည် ၀ိညာဏ၀ါဒ စသည်တို့နှင့် မပတ်သက်ပဲ ယောဂ (ဓမ္မကျင့်စဉ်) ကို အားထုတ် ရန် ဟူသော ဦးတည်ချက်သာ ရှိခဲ့ ကြောင်း ထင်ရှား၏။

ဥပမာ- အေဒီ (၂) ရာစု က ဗုဒ္ဓစာဆိုတော်ကြီး အဿဃောသ ၏ စာပေများ၌ ယောဂါစာရ ဟူသော ဝေါဟာရကို သုံးခဲ့ သော်လည်း ဒဿန၀ါဒ တစ်ရပ်ကို မရည်ညွှန်းပဲ ဓမ္မအကျင့် ကို အားထုတ်ရန် သုံးခဲ့ခြင်း ဖြစ်၏။ မာဓျမိကဂိုဏ်း၏ နေမင်းကြီးတစ်ဆူဖြစ်သော နာဂဇ္ဇုန၏ အန္တေ၀ါသိက သာဝက အရိယဒေ၀ ၏ ကျမ်း အမည်မှာလည်း “ဗောဓိသတ္တ ယောဂါစာရ သျှတ္တရ စတုသတက ကာရိကာ ” ကို ထောက်လျှက် ယောဂါစာရ ဟူသော အသုံးသည် ပဋိပတ္တိ အကျင့် ဟူသော အနက်ထက် မပိုကြောင်းထင်ရှား နေပါသည်။

အမ်-ဒေးဗစ် အက်ကဲလ် ၏ အလိုအရ မာဓျမိက နှင့် ယောဂါစာရ တို့ သည့် သော့ချက်ကျသော ဗုဒ္ဓဒမ္မ ဆိုင်ရာ ၀ိဘာဂများ နှင့်ပတ်သက်၍ ကွဲပြားခြားနားစွာ အနက်ဖွင့်ဆိုကြကြောင်း ကို ဆိုထားသည်။ [5]

အယ်လဗင်ဂျုန်းစ် အလိုအရဆိုလျှင် ဗုဒ္ဓဒဿန ကို ရှိမှုဗေဒအမြင် (၃) မျိုး ပိုင်ခြားထားပါသည်။ ယင်းတို့မှာ=
(၁) ဓမ္မတရား အားလုံး အရှိသဘော ဖြစ်သော အမြင် (ဝေဘာသိက နှင့် သုတ္တန္တိက)
(၂) ဓမ္မတရားအားလုံး မရှိသဘော (သုညတ) ဖြစ်သော အမြင် (မာဓျမိက)
(၃) အချို့ ဓမ္မတရားများ အရှိသဘော ဖြစ်ပြီး အချို့ဓမ္မတရားများ မရှိသဘော (သုညတ) ဖြစ်သော အမြင် (ယောဂါစာရ) [6]
ထို့ကြောင့် ယောဂါစာရ ဒဿန ကို ဗုဒ္ဓဒဿနသမိုင်း၏ အဆင့်အမြင့်ဆုံး ပွင့်ကားတိုးတက်မှု အဖြစ် ယူဆခဲ့၏။

အိန္ဒိယဗုဒ္ဓဘာသာပညာရှင်တစ်ဦး ဖြစ်သည့် တီ အာရ် ဗီ မူရ်တိ (T .R. V. Murti) လည်း ယောဂါစာရ အဒွယ- ၀ိညာဏ၀ါဒ သည် မာဓျမိက ဒဿန ကို အပြုသဘော ခြေခံများ ဖြင့် ဆန်းစစ်ပြုပြင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သုံးသပ်၏။ [7]

အလားတူစွာပင် ကေ အင်န် ချာတာဂျီ နှင့် သီအိုဒို ချာဗက်စကီ တို့က နာဂဇ္ဇုန ၏ ပညတ္တိသက်သက်အမြင် သုညတ၀ါဒ အမြင်တို့ သည် နတ္ထိက၀ါဒ ဥစ္ဆေဒ၀ါဒဆန်လွန်း နေပြီး အိန္ဒိယဗုဒ္ဓဘာသာ၏ နောက်ဆုံး သမူဟပေါင်းစည်းမှု သည် အသင်္ဂ နှင် ၀သုဗန္ဓု ညီနောင်နှစ်ဦး၏ အဒွယ- ၀ိညာဏ၀ါဒ ပင်ဖြစ်၏။ ဟူ၍ ကောက်ချက်ချခဲ့ ကြပါ၏။ [8]

ဒေါက်တာဆူဇူကီး ၏ ဝေဖန်သုံးသပ်ချက်မှာမူ ဗုဒ္ဓစာပေပညာရှင်အများစုသည် မာဓျမိကဒဿန နှင့် ယောဂါစာရ ဒဿန နှစ်ခု ကို တစ်သီးတစ်ခြားရပ်တည်သော အချင်းချင်း ပြတ်သားစွာ ဆန့်ကျင်နေသော အယူအမြင် နှစ်ရပ် အဖြစ် ရှုမြင်ကြ မာဓျမိကဒဿန က လောက၏ ရှိသမျှ အရာအားလုံးကို အတွင်းအနှစ်သားဆိတ်သုဉ်းသော သုညတာ အဖြစ် မြင်သလို ယောဂါစာရ ဒဿန က လောက၏ ရှိသမျှ အရာအားလုံးကို အခြေခံ ပကတိ မူလ စိတ္တ ၏ ဖေါ်ဆောင်မှုများ အဖြစ်ယူဆ ယင်းပညာရှင်များ သည် သုညတာ သဘော နှင့် အခြေခံ ပကတိ မူလ စိတ္တ သဘော တို့ ကို အချင်းချင်း ပြတ်သားစွာ ဆန့်ကျင်နေသော အယူအမြင် နှစ်ရပ် အဖြစ် ရှုမြင်ကြ သည်မှာ သမိုင်းကြောင်းအရ မှန်ကန်သော အမြင်ဟု မဆိုနိုင်ပေ။ ဟု ဆိုခဲ့လေသည်။ [9]
ဒိုင်ယာနာ ပေါလ် ၏ အလိုအရ ယောဂါစာရ ဒဿန သည် မဟာယာန (မာဓျမိက) ဒဿန ၏ ပင်မကျောရိုး ဖြစ်သော သုညတာ ဓမ္မ ကို ပုဂ္ဂလလူသား၏ အတ္တဘ၀ ရှုထောင့် စိတ်ပညာရှုထောင့် တို့ မှ အနက်သစ် ဖွင့်ဆိုရန်ကြိုးပမ်းမှု တစ်ခုသာဖြစ်ကြောင်း ၀ိဂြိုဟ် ပြုပါသည်။ [10]
ထို့ အတူပင် အသင်္ဂ နှင့် ၀သုဗန္ဓု တို့၏ ယောဂါစာရ ဒဿနဆိုင်ရာ တိုးတက် ထုတ်ဖေါ်မှုများ သည် ၎င်းတို့ ရှေ့မှ ပေါ်ပေါက်ခဲ့ကြ သော မာဓျမိက ဒဿန ပညာရှင်များ ကို တိုက်ရိုက် မဆန့်ကျင်ခဲ့ပဲ ရှိကြောင်း ဒေါက်တာ ရစ်ချတ် ကင်း မှ ယူဆခဲ့ ပြန်သည်။ [11]

ပေါလ် ဂရစ်ဖစ်သ် ၏ လေ့လာချက်အရ ယောဂါစာရ ဂိုဏ်း၏ တိုးတက်ပွင့်ကားမှု အဆင့် (၄) ခုရှိ သည်ဟုဆို၏။

(၁) ပထမ အဆင့် ကို အကြို ယောဂါစာရ Pre-Systematic ဟုခေါ် သံဓိနိမောစနသုတ် ၏ သင်ကြားချက်များ
(၂) ဒုတိယ အဆင့်ကို ရှေးဦး ယောဂါစာရ Early Systematic ဟုခေါ် (ယောဂါစာရဘူမိ-မဟာယာနသုတ္တလင်္ကာရ-
မဇ္ဇျန္တ၀ိဘာဂ စသော ကျမ်းများ ခေတ်)
(၃) တတိယ အဆင့်ကို ဂန္ထ၀င်ယောဂါစာရ Classical Yogacara ဟုခေါ် (အသင်္ဂ၏ မဟာယာနသင်္ဂဟ အဘိဓမ္မသမုစ္စယ နှင့် ၀သုဗန္ဓု၏ ၀ိံသတိကာ -တိံသိကာ- တြိသဘာဝနိဒ္ဒေသ စသော ကျမ်းများ ခေတ်)
(၄) စတုတ္တ နှင့် နောက်ဆုံး အဆင့် ကို အဋ္ဌကထာဋီကာ ကျမ်းများခေတ် ဟုခေါ် (ဓမ္မပါလ ထိရမတိ အဿဘာဝ စသည်တို့၏ ယောဂါစာရ အဋ္ဌကထာဋီကာ ကျမ်းများ) [12]
အလန် စပွန်းဘာ့ခ် ၏ အလိုအရ ရှေးဦး ယောဂါစာရ ဒဿနပညာရှင်များ သည် တြိသ-ဘာဝ အယူအဆ ကို ဖေါ်ထုတ်တင်ပြခြင်းအားဖြင့် အစဉ်အလာ မာဓျမိကဒဿန၏ သစ္စာ နှစ်ပါး အမြင် ကို ထပ်ဆင့်တိုးချဲ့ခဲ့သည့်အပြင် သစ္စာ နှစ်ပါး အမြင်၏ အကန့်အသတ်များကိုပင် ကျော်လွန်၍ ရှိမှုဗေဒ အသိအမြင်များ ကို ဖေါ်ပြခဲ့ကြကြောင်း တင်ပြခဲ့ ပါသည်။ [13]

မဟာယာနဗုဒ္ဓဘာသာအစ ယောဂါစာရ က

ယောဂါစာရ ကို လေ့လာလိုပါလျှင် မာဓျာမိက ဒဿန နှင့် ဆက်စပ်လျှက်ရှိသော ယောဂါစာရ အယူအဆ များ မှ စတင် လေ့လာသင့်ပေသည်။ ယောဂါစာရသည် မဟာယာနဗုဒ္ဓဘာသာ ၏ အခြေခံအကျဆုံးသော အယူအမြင်များ ဖြစ်သည့် ဗောဓိသတ္တ ဗုဒ္ဓ သဘာဝ ဗုဒ္ဓ၏ ကာယသုံးပါး အာလယ၀ိညာဏ် စသော အကြောင်းအရာ များစွာ ကို အခြေခံ အုတ်မြစ် များအဖြစ် ဖေါ်ထုတ်ခဲ့သည့် အပြင် မဟာယာနဗုဒ္ဓဘာသာ သည် လည်း ပေါ်ဦးသစ်စ ဘာသာရေးလှုပ်ရှားမှု အသစ် ဖြစ်ခဲ့သော ကာလဖြစ်သောကြောင့် ရှေးဦးယောဂါစာရဂိုဏ်း၏ ဒဿနပညာရှင်များ သည် မဟာယာနဗုဒ္ဓဘာသာ ကို ကာကွယ်ခုခံချေပခဲ့ကြဟန်တူလေသည်။

အသင်္ဂ ၏ မယာယာနသုတ္တလင်္ကာရ နှင့် မဟာယာနသင်္ဂဟ စသော ကျမ်းများ ၀ယ် အခြားသော ခေတ်ပြိုင် (ဟီနယာန) ဗုဒ္ဓဘာသာဂိုဏ်းကွဲ များ နှင့် အခြေအတင် ငြင်းခုန်ပြောဆိုရေးသားခဲ့၏။ ယင်းကျမ်း၏ ပထမဆုံးသော အခန်း အမည် ကပင် မဟာယာနသိဒ္ဓိ အဓိကာရ ဖြစ်သောကြောင့် မဟာယာန၏ ပကတိ အရေးပါမှုကို ရေးသားခုခံ ခဲ့ ဟန်ရှိသည်ကို ထောက်လျှက် မဟာယာနလှုပ်ရှားမှု သည် ခေတ်ပြိုင် ဟီနယာန ဗုဒ္ဓဘာသာဂိုဏ်းများ နှင့် သူတင်ကိုယ်တင် အပြိုင်အဆိုင် ရုန်းကန်နေရသော ကာလဖြစ်မည်ဟု ခန့်မှန်းရပါ၏။ မယာယာနသုတ္တလင်္ကာရ ကျမ်း တွင် မဟာယာနဗုဒ္ဓဘာသာ ၏ ကြီးမြတ်မှု ကို ဖေါ်ပြသော ယာနာနုတ္တရ (အမြတ်ဆုံးသောလမ်း) အမည်ရှိသော အခန်း နှင့် အဆုံးသတ်ထား သည် ကို တွေ့ရ၏။ မဟာယာနဗုဒ္ဓဘာသာ ၏ စစ်မှန်မှု ကို ကာကွယ်တင်ပြသော အားဖြင့် မဟာယာနဗုဒ္ဓဘာသာ သည် အသစ် ဖန်တီးတီထွင်မှု တစ်ခု မဟုတ်ကြောင်း ကို အသင်္ဂ က အကျယ်တ၀င့် ရေးသားရှင်းလင်းခဲ့၏။

သူ့ အလို အရ ဆိုရပါလျှင်== မဟာယာနဗုဒ္ဓဘာသာ သည် သာဝကယာန (ဟီနယာန) နှင့် တစ်ချိန်တည်းပင် စတင်ခဲ့ကြောင်း ရှင်တော်ဗုဒ္ဓ ကိုယ်တိုင်နုတ်မြွက်ဟောကြားခဲ့သော ဗုဒ္ဓ၀စန ဖြစ်၏။
 မဟာယာနဗုဒ္ဓဘာသာ ၏ အမြင်များ သည် အခြားသော ဘာသာရေးအုပ်စုများ ဖြစ်သည့် တက္ကိက တိတ္ထိက ပရိဗိုဇ် တို့ ၏ အမြင်များ နှင်မတူညီ ကွဲပြားခြားနားနေပြီး ၎င်းတို့ ကျက်စားရာ နယ်ပယ်၏အပ (အဂေါစာရ ) ဖြစ်သော ဓမ္မတရားဖြစ်၏။
 မဟာယာနဗုဒ္ဓဘာသာ သည် ဗုဒ္ဓ၀စန ဖြစ်ရန်လိုအပ်သော အညွှန်းကိန်းများ နှင့်ပြည့်စုံနေ၏။
 ဗုဒ္ဓ၀စန သည် ဓမ္မ နှင့် ၀ိနယ ဖြစ်သောကြောင့် မဟာယာနဗုဒ္ဓဘာသာ ၏ ကိုယ်ပိုင် ဓမ္မ နှင့် ၀ိနယ လည်းရှိ သောကြောင့် ဗုဒ္ဓ၀စန ဖြစ်ပေ၏။
 ဗုဒ္ဓ၀စန သည် ဓမ္မနိယာမ နှင့် အညီ ဖြစ်ရမည်ဖြစ်သလို မဟာယာနဗုဒ္ဓဘာသာ ၏ တရားတော်များသည်လည်း ဓမ္မနိယာမ နှင့် အညီ ဖြစ်၏။
 ဟီနယာန တရား အမြင်အရ သုညတာဓမ္မ သည် ဗုဒ္ဓတရားမဟုတ်ကြောင်းတင်ပြတတ်ကြသော်လည်း အသင်္ဂ နှင့် ၀သုဗန္ဓု တို့ က ဆိုသည်မှာ သုညတာဓမ္မ သည် ရှေးဦးဗုဒ္ဓ သုတ္တန်များ တွင် ကွယ်ဝှက်သော အနက် အနေနှင့် ပါဝင်နေသော မူလတရားအမြင် သာ ဖြစ်၏။
 မဟာယာနဗုဒ္ဓဘာသာ ၏ တန်ဖိုးကို ညွှန်းဆိုရလျှင် ရောဂါပျောက်စေသော ဆေးဝါးသည် ခါးသက်ယောင်ရှိသော်လည်း စားကြည့်လျှင်ချိုသကဲ့ တန်ဖိုးမဖြတ်နိုင်သော မဏိဇောတရတနာ သည် အသိဥာဏ်မဲ့သောသူ အတွက် တန်ဖိုးမရှိသကဲ့သို့ ဖြစ်သော်လည်း ရတနာတန်ဖိုးဖြတ်နိုင်သူတို့ အတွက် အတုမရှိသော တန်ဖိုးကို ဆောင်ယူနေသကဲ့သို့ မဟာယာနဗုဒ္ဓဘာသာ သည်လည်း ဓမ္မအနက် ကို အကုန်အစင် မြင်သူတို့ တန်ဖိုးထားရာ ဓမ္မ ဖြစ်ပါ၏။



ဆက်ရန်ရှိသေးသည်..။
အရှင်ပညာသီရိ

Back to top Go down
 
ဝသုဗန္ဓု ၏ ဘ၀ အတ္တုပ္ပတ္တိ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
ESSENCE OF DHAMMA :: Ph.D :: M.A :: M.A 3rd Semester-
Jump to: